မြန်မာနိုင်ငံတွင်းနေထိုင်သူများအတွက် မလေးရှားအလည်အပတ်ဗီဇာလျှောက်ထားရန်ဖြစ်ပါသည်။ လျှောက်ထားရန်လိုအပ်သည့်အချက်အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်းပြီးပါက Asia Zawgyi Travel, DMC Co., Ltd ၏ ဘဏ်အကောင့်များသို့ ငွေလွှဲပြီးကြောင်း Screenshot သို့မဟုတ် ပြေစာနှင့်အတူ ရုံးသို့လာရောက်ရန်မလိုအပ်ဘဲ Online မှတဆင့်လျှောက်ထားနိုင်ပါသည်။
ကြိုတင်အသိပေးချက်များ
၁။ အောက်ဖော်ပြပါဖြည့်စွက်ရန်နေရာများတွင် မိမိတို့ Passport ထဲတွင်ပါဝင်သည်များအတိုင်းသာဖြည့်စွက်ပါရန်။ (အမည်စာလုံးပေါင်း၊ မွေးနေ့သက္ကရာဇ်၊ Passport နံပတ်အစရှိသည့် မိမိတို့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်တစုံတရာမှားယွင်းဖြည့်သွင်းမိပါက Asia Zawgyi Travel, DMC Co., Ltd မှတာဝန်ယူမည်မဟုတ်ပါ။)
၂။ ဖြည့်သွင်းသောအချက်အလက်အလက်များသည် အမှန်တကယ်လျှောက်ထားသူ၏ အချက်အလက်အစစ်အမှန်များကိုသာဖြည့်သွင်းပေးရပါမည်။
၃။ မိမိတို့ဖြည့်သွင်းပြီးသောအချက်အလက်အလက်များကို ဘဏ်သို့ငွေလွှဲပြေစာနှင့်အတူ Submit နှိပ်၍လျှောက်ထားမှုပြီးစီးပါကြောင်း မိမိတို့ email သို့ ရောက်ရှိလာသည့် receipt တွင်ပါဝင်သည့် လျှောက်ထားသည့်ရက်မှစတင်၍ ဗီဇာပြန်လည်ရရှိရန်အတွက် ကြာချိန်မှာ အနည်းဆုံး အလုပ်ရက် ၅-ရက် မှ ၁၀-ရက်အတွင်းဖြစ်ပါသည်။
၄။ ဗီဇာရရှိလာပါက မိမိတို့လျှောက်ထားစဉ်ကဖြည့်သွင်းထားသော email သို့ပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။
၅။ ဗီဇာ Reject ဖြစ်ပါက မိမိတို့ပေးသွင်းထားသော ဗီဇာကြေးနှင့် ဝန်ဆောင်ခတို့ကိုပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။
၆။ ဗီဇာ ရရှိခြင်း၊ မရရှိခြင်းသည် သံရုံး၏ဆုံးဖြတ်ချက်သာဖြစ်သည်။ ဗီဇာ Reject များသည် သံရုံးမှအကြောင်းပြချက်မရှိသည့်အတွက် မည်သည့်အတွက်ကြောင့် Reject ဖြစ်ရသည်ကို သိရှိလိမ့်မည်မဟုတ်ပါ။
၇။ မလေးရှားအလည်အပတ်ဗီဇာဖြင့်နေထိုင်ခွင့်သည် မလေးရှားနိုင်ငံသို့စတင်ဝင်ရောက်သည့်နေ့မှစ၍ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရှိသည်။ ဗီဇာသက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ ၃-လ အတွင်းဖြစ်သည်။ နေထိုင်ခွင့် ရက်ပေါင်း ၃၀ ထက် ကျော်လွန်၍နေထိုင်လိုပါက မလေးရှားနိုင်ငံပြင်ပသို့ပြန်လည်ထွက်ခွါပြီးမှသာ နောက်တစ်ကြိမ်ထပ်မံလျှောက်ထားနိုင်ပါသည်။
၈။ လိုအပ်ပါက သံရုံးမှအခြားလိုအပ်သောစာရွက်စာတမ်းများထပ်မံတောင်းခံခြင်းနှင့် interview ခေါ်ယူခြင်းတို့ကို ရံဖန်ရံခါဆောင်ရွက်တတ်သည်ကို သတိပြုပါရန်။ ထိုသို့ရှိလာပါက သံရုံးသို့လျှောက်ထားသူကိုယ်တိုင်သွားရောက်ရပါမည်။
မလေးရှားအလည်အပတ်ဗီဇာလျှောက်ထားရန်လိုအပ်ချက်များ
- Passport သက်တမ်းသည်အနည်းဆုံး ၆-လနှင့်အထက်ရှိနေရမည်ဖြစ်ပြီး လဝကတံဆိပ်တုံးထုရန် စာရွက်အလွတ်များရှိနေရပါမည်။
- လျှောက်ထားသူ၏အမည်ပါဝင်သော ဘဏ်စာအုပ်နှင့် ဘဏ် Statement ရှိရပါမည်။ ဘဏ်စာအုပ်နှင့် ဘဏ် Statement ၂-ခုစလုံးတွင်အနည်းဆုံးမြန်မာကျပ်ငွေ သိန်း-၅၀နှင့်အထက် ရှိနေရပါမည်။
- မှတ်ပုံတင် အရှေ့/အနောက်
- မှတ်ပုံတင် အရှေ့/အနောက် နိုတြီ (၇-ရက်အတွင်းပြန်ထားသောနိုတြီဖြစ်ရမည်။)
- သန်းခေါင်စာရင်း အရှေ့/အနောက်
- သန်းခေါင်စာရင်း အရှေ့/အနောက် (၇-ရက်အတွင်းပြန်ထားသောနိုတြီဖြစ်ရမည်။)
- နောက်ခံအဖြူရောင်ဖြင့် ၃-လအတွင်းကရိုက်ကူးထားသော လျှောက်ထားသူ၏ ၂-လက်မပတ်လည်ဓာတ်ပုံ
- ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်းလက်မှတ်
- ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်းလက်မှတ် (၇-ရက်အတွင်းပြန်ထားသောနိုတြီဖြစ်ရမည်။)
ကုန်ကျစရိတ်
- ဗီဇာကြေး နှင့် ဝန်ဆောင်ခ – USD 50 $
- စုစုပေါင်းကုန်ကျစရိတ် – USD 50 $
ငွေလွှဲရန်အတွက် ဘဏ်အချက်အလက်များ
- KBZ BANK – 25710325700495301 (Old Account-Asia Zawgyi Travel, DMC Co., Ltd)
- 25713925700495301 (Special Account-Asia Zawgyi Travel, DMC Co., Ltd)
ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ကျောင်းများအတွက်လည်း အထူးအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးပါသည်။