မြန်မာနိုင်ငံတွင်းနေထိုင်သူများအတွက် တန်ဇန်နီးယားနိုင်ငံဗီဇာလျှောက်ထားရန်ဖြစ်ပါသည်။ လျှောက်ထားရန်လိုအပ်သည့်အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်းပြီးပါက Asia Zawgyi Travel, DMC Co., Ltd ၏ ဘဏ်အကောင့်များသို့ ငွေလွှဲပြီးကြောင်း Screenshot သို့မဟုတ် ပြေစာနှင့်အတူ ရုံးသို့လာရောက်ရန်မလိုအပ်ဘဲ Online မှတဆင့်လျှောက်ထားနိုင်ပါသည်။

ကြိုတင်အသိပေးချက်များ

၁။ အောက်ဖော်ပြပါဖြည့်စွက်ရန်နေရာများတွင် မိမိတို့ Passport ထဲတွင်ပါဝင်သည်များအတိုင်းသာဖြည့်စွက်ပါရန်။ (အမည်စာလုံးပေါင်း၊ မွေးနေ့သက္ကရာဇ်၊ Passport နံပတ်အစရှိသည့် မိမိတို့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်တစုံတရာမှားယွင်းဖြည့်သွင်းမိပါက Asia Zawgyi Travel, DMC Co., Ltd မှတာဝန်ယူမည်မဟုတ်ပါ။)

၂။ ဖြည့်သွင်းသောအချက်အလက်အလက်များသည် အမှန်တကယ်လျှောက်ထားသူ၏ အချက်အလက်အစစ်အမှန်များကိုသာဖြည့်သွင်းပေးရပါမည်။

၃။ မိမိတို့ဖြည့်သွင်းပြီးသောအချက်အလက်အလက်များကို ဘဏ်သို့ငွေလွှဲပြေစာနှင့်အတူ Submit နှိပ်၍လျှောက်ထားမှုပြီးစီးပါကြောင်း မိမိတို့ email သို့ ရောက်ရှိလာသည့် receipt တွင်ပါဝင်သည့် လျှောက်ထားသည့်ရက်မှစတင်၍ ဗီဇာပြန်လည်ရရှိရန်အတွက် ကြာချိန်မှာ အနည်းဆုံး အလုပ်ရက် ၁၀-ရက် မှ ၁၅-ရက်အတွင်းဖြစ်ပါသည်။

၄။ ဗီဇာရရှိလာပါက မိမိတို့လျှောက်ထားစဉ်ကဖြည့်သွင်းထားသော email သို့ပြန်လည်ပေးပို့ပေးမည်ဖြစ်ပါသည်။

၅။ ဗီဇာ Reject ဖြစ်ပါက မိမိတို့ပေးသွင်းထားသော ဗီဇာကြေးနှင့် ဝန်ဆောင်ခတို့ကိုပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

၆။ ဗီဇာ ရရှိခြင်း၊ မရရှိခြင်းသည် သံရုံး၏ဆုံးဖြတ်ချက်သာဖြစ်သည်။ ဗီဇာ Reject များသည် သံရုံးမှအကြောင်းပြချက်မရှိသည့်အတွက် မည်သည့်အတွက်ကြောင့် Reject ဖြစ်ရသည်ကို သိရှိလိမ့်မည်မဟုတ်ပါ။

၇။ လိုအပ်ပါက သံရုံးမှအခြားလိုအပ်သောစာရွက်စာတမ်းများထပ်မံတောင်းခံခြင်းကို ရံဖန်ရံခါဆောင်ရွက်တတ်သည်ကို သတိပြုပါရန်။ 

Ordinary Visa (Single Entry Visa) နှင့် Business Visa လျှောက်ထားရန်လိုအပ်ချက်များ

  1. Passport အရှေ့ဆုံးစာမျက်နှာ (သက်တမ်းသည်အနည်းဆုံး ၆-လနှင့်အထက်ရှိနေရမည်ဖြစ်ပြီး လဝကတံဆိပ်တုံးထုရန် စာရွက်အလွတ်များရှိနေရပါမည်။)
  2. မှတ်ပုံတင် အရှေ့/အနောက်
  3. သန်းခေါင်စာရင်း အရှေ့/အနောက်
  4. နောက်ခံအဖြူရောင်ဖြင့် ၃-လအတွင်းကရိုက်ကူးထားသော လျှောက်ထားသူ၏ ၂-လက်မပတ်လည်ဓာတ်ပုံ
  5. တန်ဇန်နီးယားနိုင်ငံရှိကုမ္ပဏီဘက်မှဖိတ်ခေါ်စာနှင့် ကုမ္ပဏီလိုင်စင် (Business Visa အတွက်)
  6. အလုပ်ခန့်အပ်စာ၊ အလုပ်စာချုပ် (အလုပ်သမားအမည်၊ Passport နံပတ်၊ ကုမ္ပဏီအမည်နှင့် လိုင်စင်၊ ကာလသတ်မှတ်ချက် အစရှိသည်တို့အပြည့်အစုံပါတင်ရမည်။) (Business Visa အတွက်)
  7. ယ္ခင် တန်ဇန်နီးယားဗီဇာရရှိထားဖူးပါက ၎င်းတို့၏ဓာတ်ပုံများ

Ordinary Visa (Single Entry Visa) ကုန်ကျစရိတ် 

  1. ဗီဇာကြေး  – 225,000 MMK
  2. ဝန်ဆောင်ခ -100,000 MMK
  3. စုစုပေါင်းကုန်ကျစရိတ် – 325,000 MMK

Business Visa ကုန်ကျစရိတ်

  1. ဗီဇာကြေး – 1,125,000 MMK
  2. ဝန်ဆောင်ခ -200,000 MMK
  3. စုစုပေါင်းကုန်ကျစရိတ် – 1,325,000 MMK

ငွေလွှဲရန်အတွက် ဘဏ်အချက်အလက်များ

  1. KBZ BANK – 25710325700495301 (Old Account-Asia Zawgyi Travel, DMC Co., Ltd)
  2. 25713925700495301 (Special Account-Asia Zawgyi Travel, DMC Co., Ltd)

ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ကျောင်းများအတွက်လည်း အထူးအစီအစဉ်များဖြင့် ဝန်ဆောင်မှုပေးပါသည်။